Programs

Prenatal Education

ကိုယ်ဝန်ဆောင်စဉ်တွင် သန္ဓေသားဉာဏ်ရည် ဖြိုး တိုးတက်မှုဆိုင်ရာသင်တန်း

Establishing communication with the baby in the womb deepens the bond between mother and child.
မိမိသန္ဓေသားနှင့် မိမိ၏ကြား ဆက်သွယ်ခြင်းသည် မိခင်နှင့် ကလေးကြား လေးနက်သောချစ်ခြင်းနှင့် သံယောဇဉ်ကို ပိုမို ခိုင်မာစေပါသည်။

A wealth of essential information about childbirth will be shared.
မိခင်လောင်းများ မသိမဖြစ်သိထားရမည့် ကလေးမွေးဖွားခြင်းနှင့် ပတ်သက်သော တန်ဖိုးရှိသည့် အချက်အလက်များစွာကို မျှဝေသွားမည် ဖြစ်ပါသည်။

Each lesson is 2 hours long, with a total of 4 lessons. When to Attend: From the 4th month of pregnancy. Content Includes:
  • Prenatal exercises
  • Image training
  • Nutrition and more
ကြာချိန် ၂ နာရီ၊ စုစုပေါင်း စာသင်ချိန် ၄ ချိန် ကိုယ်ဝန် ၄ လ မှ ၈ လအတွင်း ကိုယ်ဝန်ဆောင်များအတွက်:
  • ကိုယ်ဝန်ဆောင်လေ့ကျင့်ခန်း
  • စိတ်ကူးပုံရိပ်ဖော်လေ့ကျင့်ခန်း
  • အာဟာရဖြည့်ဆည်းမှုနှင့် အခြားသင်ခန်းစာများ ပါဝင်ပါသည်။

Highlights of This Program:

  • Enhancing Imaging Ability: Expand the mother’s imaging capacity and right brain capabilities through practical applications of image training and the use of potential consciousness.
  • Supportive Community: Address common anxieties associated with pregnancy by forming a support group where pregnant women can share their worries and maintain their mental and emotional well-being.
  • Nutritional Guidance: Receive nutritional information covering the entire pregnancy period, childbirth, and beyond, along with general healthy living tips.
  • Expert Advice: The instructor will provide guidance and information on various pregnancy concerns.

သင်ကြားရေး၏ အဓိကအားသာချက်

၁. မိခင်၏ စိတ်ကူးစိတ်သန်းစွမ်းရည်နှင့် ညာဘက်ဦးနောက်စွမ်းရည်အား ကောင်းလာရန်အတွက် လက်တွေ့ကျသော ပုံရိပ်ဖော်ဖန်တီးနိုင်မှု နည်းလမ်းများနှင့် ငုတ်လျှိုးနေသော သိစိတ်ကို အသုံးပြုခြင်းနည်းလမ်းများ အသုံးပြု၍ သင်ကြားပြသပေးခြင်း၊

၂. ကိုယ်ဝန်ဆောင်ချိန်တွင် မိခင်လောင်းများသည် စိုးရိမ်ကြောင့်ကြမှုများစွာဖြင့် ရှိနေတတ်ပါသည်။ ဤသင်တန်းတွင် မိမိ၏ စိုးရိမ်ကြောင့်ကြမှုများကို အဖွဲဝင်များနှင့် ဆွေးနွေး၍ စိုးရိမ်ပူပန်နေသော စိတ်ခံစားချက်များ နည်းပါးလာအောင် ကောင်းမွန်သော စိတ်ဓာတ်မြှင့်တင်ရေးနည်း လမ်းများ အကြံပြုချက်များဖြင့် တစ်ဦးကိုတစ်ဦး ဖေးမအားပေးခြင်း။

၃. ကိုယ်ဝန်ဆောင်နေစဉ်အချိန်မှစ၍ ကလေးမွေးဖွားပြီး အချိန်ကာလနှင့် သက်ဆိုင်သည့် ကျန်းမာရေးဆိုင်ရာ နေထိုင်မှုဘဝ နည်းလမ်းကောင်းများအပါအဝင် အာဟာရဖြည့်တင်းမှုဆိုင်ရာ သတင်းအချက်အလက်များကို မျှဝေခြင်း။

၄. သင်ကြားပို့ချသူမှ ကိုယ်ဝန်ဆောင်စဉ်ကာလနှင့် သက်ဆိုင်သည့် များပြားလှသော အချက်အလက်များနှင့် အကြံဉာဏ်များကို လမ်းညွှန် ပြသခြင်း။