About Us

5 purposes of Heguru Education

Heguru Education has 5 Purposes:

Heguru သင်တန်း၏ အဓိကရည်ရွယ်ချက် (၅)ချက်

1. Enlarging the "Vessel" for the Brain
Our primary focus is to provide early training that enables the Right Brain—the potential brain—to be activated as quickly as possible. A key shortcut to achieving this is to develop a balance between the Implementation Zone (IZ) and the Basic Zone (BZ), which encompasses nine foundational skills.
It is essential for parents to have complete faith in their children's ability to unlock their Right Brain, as this support plays a crucial role in their development.

၁။ ဦးနှောက်သွေးကြောများကို ကြီးထွားစေခြင်း
အဓိကအားဖြင့် ညာဖက်ဦးနှောက်ကို ဖွံ ဖြိုးတိုးတက်စေရန် သင်ကြားပိုချချက်များသည် ဦးနှောက် သွေးကြောများကို လျင်မြန်စွာ ကြီးထွားစေသည်။ ထိုသို့ဖြစ်လာစေရန် ဦးနှောက်၏ အရေးပါသော နယ်ပယ်များနှင့် ဆက်လက်ဖွံဖြိုးတိုးတက်ရန် လိုအပ်သည့် နယ်ပယ်များကို အချိုးအစားညီညီ ဖွံဖြိုးအောင်ပြုလုပ်ဆောင်ရွက်ရန်မှာ လျင်မြန်သော နည်းလမ်းဖြစ်သည်။ မိဘများအနေဖြင့် မိမိကလေး၏ ညာဖက်ဦးနှောက် ဖွံဖြိုးလာစေရန် ကလေး၏ စွမ်းဆောင်ရည်၊ အရည်အချင်းနှင့် ပတ်သက်၍ ယုံကြည်ချက် ခိုင်ခိုင်မာမာ ထားရှိရမည်။

2. Drawing Out Multiple Talents from Children's Personalities
To truly engage with a subject, children need the time and space to immerse themselves fully. This deep involvement in an activity not only enhances their enjoyment but also plays a crucial role in uncovering their unique talents. By allowing children to explore their interests, we can significantly elevate their capacities and foster a love for learning that lasts a lifetime.

၂။ ကလေးငယ်၏ ပင်ကိုစိတ်နေစိတ်ထား အကျင့်စရိုက်မှ များပြားလှစွာသော စွမ်းရည်များကို ထုတ်ဖော်ခြင်း
လုံလောက်သောအချိန်ပေးပြီး စွမ်းဆောင်ရည်မြင့် သင်တန်းများကို အဆုံးသတ်အထိ သင်ကြား မည်ဆိုပါက ရလဒ်ကောင်းများ ရရှိစေနိုင်မည်ဖြစ်သည်။ ကလေးများ၏ အာရုံစူးစိုက်မှု အပြည့် အဝရရှိနေချိန်တွင် လမ်းညွှန်သင်ကြားပိုချလျှင် စွမ်းရည်ပိုမိုမြင့်မားစေမည်ဖြစ်သည်။

3. Fostering Self-Confidence and Unlocking Potential
Children experience genuine excitement when they discover their abilities, no matter how small. It’s vital to provide them with numerous opportunities to enjoy these moments, as they significantly contribute to building self-confidence. Parents play a crucial role in this journey by wholeheartedly believing in their children's potential.

၃။ မိမိကိုယ်ကို ယုံကြည်ခြင်းနှင့် ကိုယ်ပိုင်အရည်အချင်းများ အသုံးချတတ်စေရန် လမ်းညွန်ပြသခြင်း
ကလေးများသည် မိမိ၏ လုပ်ဆောင်ချက်တစ်ခုကို အောင်မြင်စွာလုပ်ဆောင်နိုင်လျှင် စိတ်လှုပ်ရှား လာကာ လွန်စွာပျော်ရွှင်တက်သည်။ သိုဖြစ်၍ ကလေးငယ်များ ပျော်ပျော်ရွှင်ရွှင် မိမိကိုယ်တိုင် အောင်မြင်စွာ လုပ်ဆောင်နိုင်စွမ်း ရှိစေရန် အခွင့်အလမ်းများကို ဖန်တီးပေးရန် လိုအပ်သည်။ မိဘများအနေဖြင့် မိမိတို ကလေး၏ လုပ်ဆောင်နိုင်စွမ်းနှင့် ပတ်သက်၍ ယုံကြည်ပေးရန်မှာလည်း အရေးကြီးသောအချက်ဖြစ်သည်။

4. Cultivating the Power of the Mind (EQ)
The family plays a crucial role in nurturing children's emotional intelligence (EQ). Providing unconditional love and engaging in learning together creates a supportive environment for growth. At Heguru, we are committed to offering support at various levels to foster an atmosphere that encourages the development of the mind.

၄။ စိတ်ခံစားချက်ဆိုင်ရာ စွမ်းရည်များကို ပျိုးထောင်ပေးခြင်း (EQ မြှင့်တင်ခြင်း)
ကလေးများ၏ စိတ်ခံစားချက်ဆိုင်ရာ စွမ်းရည်များကို ပျိုးထောင်ပေးရာတွင် မိသားစုဝင်များ တစ်တပ်တစ်အား ပါဝင်မှုသည် အလွန်အရေးကြီးသည်။ ကလေးများသည် ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိရန် လိုအပ်သည်။ မိမိနှင့် ကလေးကြား နားလည်မှုနှင့် မေတ္တာတရား ပိုမိုတိုးပွားလာစေရန် မိမိကလေးနှင့်အတူ ကစားခြင်း၊ စာလေ့လာခြင်းသည် အကောင်းဆုံး လုပ်ဆောင်ချက်ဖြစ်သည်။ Heguru သင်တန်းကျောင်းတွင် ကလေးများ၏ စိတ်ခံစားချက်ဆိုင်ရာ စွမ်းရည်များ (EQ) ကို တိုးတက်စေရန် ရည်ရွယ်၍ သင်ကြားမှု နည်းလမ်းကောင်းများစွာကို ထည့်သွင်းသင်ကြားပေးသည်။

5. Cultivating Genuine Thinking Power
Fostering the ability to think logically and evaluate situations calmly is essential for children's development. Encouraging them to ask "Why?" without hesitation nurtures curiosity and critical thinking. From a young age, parents should engage in enjoyable experiences with their children to support this growth. To help children excel in mathematics (logic), it’s important to strengthen the Left Brain as well. We promote logical thinking in our Pre-School and Primary Classes, laying a solid foundation for their future learning.

၅။ စိတ်ကူးစိတ်သန်း အတွေးအခေါ်ကို မြှင့်တင်ပေးခြင်း
Heguru သင်တန်းကျောင်းတွင် ကလေးငယ်များ၏ တွေးခေါ်နိုင်စွမ်း စွမ်းရည်မြှင့်တင်ပေးပြီး ပြဿနာများကို အေးအေးဆေးဆေး ဖြေရှင်းတတ်စေရန် လေ့ကျင့်ပေးသည်။ ထို့အပြင် အကြောင်းအရာတစ်ခုကို စူးစမ်း လေ့လာရာနှင့် လုပ်ကိုင်ဆောင်ရွက်ရာတွင် တွန့်ဆုတ်မနေဘဲ ရဲရဲဝံ့ဝံ့ မေးမြန်းနိုင်ခြင်းနှင့် လုပ်ကိုင်တတ်ခြင်း တို့ကိုပါ ပျိုးထောင်ပေးသည်။ မိဘများသည် ကလေးများ ငယ်ရွယ်စဉ်တွင် ပျော်ရွှင်ဖွယ်ကောင်းသော အမှတ်တရများကို ဖန်တီးပေးခြင်းမှာလည်း ကလေးများ၏ ဖွံဖြိုးမှုကို အထောက်အကူပြုသည်။ ထိုသို့ လုပ်ဆောင်ချက်များကြောင့် သင်္ချာဘာသာရပ်တွင် တွေးခေါ်နိုင်မှု တိုးတက်လာရုံသာမက ဘယ်ဖက်ဦးနှောက် ၏ ဖွံဖြိုးမှုကိုပါ အထောက်အကူပြုသည်။ စိတ်ကူးစိတ်သန်းနှင့် တွေးခေါ်နိုင်စွမ်း စွမ်းရည်များကို တိုးတက်စေရန် မူကြိုအဆင့်နှင့် မူလတန်းအဆင့်များတွင် ထည့်သွင်း သင်ကြားပေးပါသည်။